Tag: ယေရမိအနာဂတ္တိကျမ်း

  • ယေရမိအနာဂတ္တိကျမ်း ၃၆

    (၃) ယေဟောကိမ်မင်းက ယေရမိ၏ စာချွန်တော်မီးရှို့ခြင်း(အခန်း၃၆) ၃၆:၁–၁၀ ယေဟောက်ကိမ်မင်း နန်းစံစတုတ္ထနှစ်မြောက်တွင် ဘုရားသခင်က ယေရမိအား ဖွင့်ပြထားသည့် ပရောဖက်ပြုချက်များကို ရေးခိုင်းထားသည်။ ယေရမိသည် ဘုရားသခင် ဖွင့်ပြချက်များကို နှုတ်တိုက်ရွတ်ဆို၍ ဗာရုတ်အား လိုက်ရေးမှတ်ခိုင်းသည်။ နောက်တစ်နှစ်ကြာသောအခါ ဗိမာန်တော်ထဲ၌ ပရိသတ်ရှေ့တွင် ထိုစာကို ရွတ်ဆို၍ ဗာရုတ်အား လိုက်ရေးမှတ်ခိုင်းသည်။ နောက်တစ်နှစ်ကြာသောအခါ ဗိမာန်တော်ထဲ၌ ပရိသတ်ရှေ့တွင် ထိုစာကို ရွတ်ဆိုဖတ်ပြသည်။...

  • ယေရမိအနာဂတ္တိကျမ်း ၃၇

    (၄)ယေရမိထောင်ကျခြင်းနှင့်ဇေဒကိမင်းကစစ်ကြောခြင်း(အခန်း၃၇၊၃၈)           ၃၇:၁–၁၀ ဇေဒေကိမင်းသည် နေဗုခပ်နေဇာမင်း၏ ခန့်အပ်ထားသော ဘုရင်ခံ ဖြစ်သော်လည်း ယေရမိ၏ ပရောဖက်ပြုခြင်းကို အလေးမထား။ သူနှင့် တိုင်းသူပြည်သားများ ကောင်းစားဖို့သာ ဆုတောင်းခိုင်းသည်။ အဲဂုတ္တုစစ်သားများ ယုဒပြည်နှင့် ပလဲနံပသင့်သောအခါ ခါလဒဲစစ်သား (ဗာဗုလုန်သားများ) နောက်ဆုတ်ကြသည်။ သို့သော် ထိုဗာဗုလုန်သားများသည် တဖန်ပြန်လာ၍ ယေရုရှလင်အား တိုက်ခိုက်ဖျက်ဆီးကြမည့်အကြောင်း ယေရမိက ဘုရင်အား သတိပေး သံတော်ဦးတင်သည်။...

  • ယေရမိအနာဂတ္တိကျမ်း ၃၈

    ၃၈:၁–၁၃ ရပ်သူရွာသားများအား မြို့ထဲမှ ထွက်ပြေး၍ ဗာဗုလုန်များထံသို့ ခိုလှုံကြရန်  အကြံအဉာဏ် ပေးသောကြောင့် ယေရမိကို မြေတွင်းထဲ၌ အကျဉ်းချထားသည်။  ဇေဒကိမင်းသည် ပျော့ညံ့သူဖြစ်သည်။  မင်းညီမင်းသားများ၏ စကားကို အနိုင်မယူနိုင်။  မင်းညီမင်းသားများ၏ အလိုလိုက်ရသည်။  ဧဗဒမလက်အမတ်ကြီး၏ လျှောက်လဲချက်အတိုင်း ယေရမိအား မြေတွင်းထဲမှ ပြန်ထုတ်ကြသည်။  အဝတ်စုတ်ကြိုးအများဖြင့် ပြန်လည်ဆွဲထုတ်ပြီ: မြေပေါ်တွင် အကျဉ်းပြန်ချကြသည်။ ၃၈:၁၄–၂၀ ဇေဒကိမင်းသည် တိုင်းရေးပြည်ဝါ...