ယေရမိအနာဂတ္တိကျမ်း ၂၄
၅။ ယေရုရှလင်မြို့ပျက်သုဉ်း၍ဗာဗုလုန်ကကျွန်ပြုမည့်ပရောဖက်ပြုချက် (အခန်း၂၄–၂၉) (က) သင်္ဘောသဖန်းပင်အတိတ်နိမိတ်(အခန်း၂၄) ၂၄:၁–၇ ဘုရားသခင်က ယေရမိအား ဗိမာန်တော်ရှေ့တွင် သင်္ဘောသဖန်းပင် အပြည့်ထည့်ထားသော ခြင်းတောင်း(၂)တောင်းကို ရူပါရုံ ပြသည်။ တစ်တောင်းသည် ကောင်းသောအသီးများ ဖြစ်၍ အခြားတစ်တောင်းသည် ပုပ်ပွသော အသီးများ ဖြစ်သည်။ ကောင်းသောအသီးသည် ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသော်လည်း ဘုရားသခင်ကို အောက်မေ့သောကြောင့် မိမိတို့နေရပ်ဌာနေသို့ ပြန်လာကြ သူများကို...