ဟေရှာယအနာဂတ္တိကျမ်း ၁၈
၆။ အမည်နာမအတိအကျမဖေါ်ပြသောအာဖရိကသားများ(အခန်း၁၈) ဤအခန်းကို’အမင်္ဂလာ’ဟုမဆိုသာသော်လည်း၊စိတ်ပင်ပန်းဆင်းရဲစရာဖြစ်သည်။ ဣသရေလပြည်သို့သံတမန်ရေးခင်း၍မိတ်ဖွဲ့သောအာဖရိက တိုင်းနိုင်ငံများ(ငယ်၂-၇)အကြောင်းဖြစ်သည်။ ’အသံမြည်တတ်သောအတောင်ရှိ၍’ဟုကျမ်းစကားဆိုသည်။ ဣသရေလတို့ဘေးရန်မှကွယ်ကာရေးဆိုလိုဟန်ရှိသည်။ ဘုရားသခင်ကလူ့သူများအားအသံမပြတ်တိတ်ဆိတ်စွာရှုစိမ့်နေစဉ် တွင်တပါးအမျိုးသားများကလည်းဘုရားသခင်၏လူများအားတိုက်ခိုက်လု ယက်ကြမည်။ သို့သော်ထိုသူများကိုလည်းဘုရားသခင်ကဖျက်ဆီးမည်။ ထိုသူများ၏အရပ်ဒေသသည်တေးဆိုငှက်များ၊တောပျော်သားရဲများ၏နေရပ် ဒေသဖြစ်သွားမည်။ သားရဲများနှင့်အသားစားငှက်များကျက်စားရာနေရာ ဖြစ်သွားမည်။ ထိုအခါဣသရေလအမျိုးသည်ဘုရားသခင်ကိန်းဝပ်ရာဇိအုန်တောင် ပေါ်သို့ပြန်လည်စုစည်းလာကြမည်။ အပိုဒ်ငယ်(၇)ကို’ထိုနေ့ရက်ရောက် သောအခါတလောကလုံးဆိုးသွမ်းခေါင်းမာခဲ့သောအမျိုးသည်ယေဟောဝါ ဘုရားသခင်ထံသို့ပြန်လည်စုစည်း၍မင်္ဂ လာယူကြမည်’ဟုနားလည်နိုင် သည်။ (JND)ဤဣသရေလလူမျိုးပြန်လည်စုစည်းကြမည့်အရေးသည်ခရစ်တော်ဘုရားဒုတိယအကြိမ်ပြန်လည်ကြွလာမည့်အချိန်ဖြစ်သည်။