Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
ရှင်မဿဲခရစ်ဝင် ၂၅
(ဇ) အပျိုရံဆယ်ဦး ပုံဥပမာ (၂၅:၁-၁၃) ၂၅:၁-၅ ကျမ်းအဖွင့်စကားလုံးတွင် ထိုအခါဟုဆိုထားသောကြောင့် ဤကျမ်းချက်သည် အခန်းကြီး (၂၄)၏ နောက်ဆက်တွဲဖြစ်သည်ဟု နားလည်ရသည်။ ကမ္ဘာမြေပေါ်သို့ ယေရှုဘုရင်ကြွတော် မူလာမည့်အချိန်နှင့် ဆက်စပ်ပတ်သက်သည်။ သခင်ယေရှုက ကောင်းကင်နိုင်ငံတော်သည် မင်္ဂလာဆောင် လုလင်ကို ခရီးဦးကြိုပြုအံ့သောငှာ မီးခွက်ကိုင်ယူ၍ ထွက်သွားသောသတို့သမီးအပျိုရံ တကျိပ်နှင့် တူသည် ဟုပုံနှိုင်းထားသည်။ သတို့သမီးအပျိုရံ ငါးယောက်သည် ပညာရှိကြသောကြောင့် မီးခွက်တွင်ဆီဖြည့်ထား...
-
ရှင်မဿဲခရစ်ဝင် ၂၆
၁၄။ ကိုယ်တော်ဘုရား ဝေဒနာခံစားခြင်းနှင့် အသေခံတော်မူခြင်း (အခန်း ၂၆-၂၇) (က) ယေရှုအားလုပ်ကြံဇာတ်ခင်းခြင်း (၂၆:၁-၅) ၂၆:၁-၂ ကိုယ်တော်ဘုရားက အသေခံမည့် အကြောင်း စတုတ္ထအကြိမ်နှင့် နောက်ဆုံး အကြိမ်အဖြစ် ပြောပြတော်မူသည် (၁၆:၂၁၊ ၁၇:၂၃၊ ၂၀:၁၈)။ ပသခါပွဲနှင့် လက်ဝါးကပ်တိုင်ပေါ်သို့ ရောက်မည့်ကာလသည် အလွန်နီးကပ်နေသည်။ နှစ်ရက်လွန်မှ ပသခါပွဲရောက်မည်ကို သင်တို့သိကြ၏။ ထိုအခါလူသားတော်သည် လက်ဝါးကပ်တိုင်ပေါ်မှာ ရိုက်သတ်စေခြင်းငှာအပ်နှံကြလိမ့်မည်...
-
ရှင်မဿဲခရစ်ဝင် ၂၇
(ဋ) နံနက်စောစောတွင် လွှတ်အမတ်မင်းများက စစ်ဆေးခြင်း (၂၇:၁-၂) ၂၇:၁-၂ တတိယအဆင့်အဖြစ် လွှတ်တိုင်ပင်အမတ်များရှေ့တွင် နံနက်စောစော၌ စစ်ဆေး ကြပြန်သည်။ ထိုနေ့တွင်လည်း စွပ်စွဲခံရသူအား တရားခံ၏ ရပိုင်ခွင့်မပေး။ တဖက်သတ်စစ်ဆေးကြသော် လည်း ထူးမခြားနား။ အပြစ်ရှာမတွေ့ကြ။ တညဉ့်လုံး စစ်ဆေးခဲ့သော်လည်း အနားမပေး။ ညှာတာထောက် ထားခြင်းမရှိ။ ဘာသာရေးခေါင်းဆောင်များသည်လည်း သနားကြင်နာစိတ်မရှိကြ။ ညအချိန် အမှုစစ်ဆေး ခြင်းသည် တရားမဝင်သဖြင့်...