Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ရှင်မာကုခရစ်ဝင် ၂

    (ဇ) လေဖြတ်သူအား ကျန်းမာစေခြင်း (၂:၁-၁၂) ၂:၁-၄ နောက်ရက်များမကြာမီခရစ်တော်သည် ကပေရနောင်သို့ပြန်ရောက်လာသည်။ ခရစ်တော်ရောက်ရှိကြောင်းကြားသိသောအခါ အိမ်အပြင်ဖက်တွင် လူထုပရိသတ်သည် အုတ်အော် သောင်းနင်းစုဝေးနေကြသည်။ ခရစ်တော်ဘုရား၏ အံ့ဖွယ်နိမိတ်လက္ခဏာများကို တွေ့မြင်လိုဇောဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။ ကိုယ်တော်သည် ထိုလူအုတ်ကြီးအား ငြိမ်သက်ရန် တရားဟောသည် ခြေဖဝါးဝင်မဆန့်အောင်ကြိတ်ကြိတ်တိုးကြသဖြင့် လူလေးယောက်သည် အိမ်ခေါင်းမိုးကိုဖောက်ထွင်းကာ လေဖြတ်သူအားလူနာထမ်းစင်နှင့်တကွ ယေရှုရှေ့တော်သို့ ကြိုးဖြင့်ချပေးသည်။ ပရိသတ်ကြီးက ယေရှု နားသို့ မတိုးဝင်နိုင်အောင်ကာဆီးကြသည်။...

  • ရှင်မာကုခရစ်ဝင် ၃

    (ဋ္ဌ) ဥပုသ်နေ့တွင် အနာရောဂါ ကင်းငြင်းစေခြင်း (၃:၁-၆) ၃:၁-၂ တရားစရပ်သို့ ယေရှုဝင်ရောက်သောအခါ လက်တဘက်သေနေသူကိုတွေ့ရပြန် သည်။ ဥပုသ်နေ့တွင် ထိုသူအားအနာရောဂါပျောက်ကင်းစေသင့်သလား။ အကယ်၍ ပျောက်ကင်းစေလျှင် အပြစ်တင်ဖို့ ဖာရိရှဲများက အကွက်ချောင်းနေကြသည်။ ဖာရိရှဲများ၏ ဘဝင်ရူးခြင်းနှင့် စိတ်ထားမစင်ကြယ် ခြင်းများက ဒွန်တွဲလွန်ဆွဲနေသည်။ သူတို့ကိုယ်တိုင်၌ လူနာအားမပျောက် ကင်းစေနိုင်။ သခင်ယေရှုကူညီ လျှင် ကဲ့ရဲ့ပြစ်တင်ကြသည်။ အကယ်၍ဥပုသ်နေ့မှာ ထိုသို့...

  • ရှင်မာကုခရစ်ဝင် ၄

    (ဃ) မျိုးကြဲခြင်းပုံဥပမာ (၄:၁-၂၀) ၄:၁-၂ ယေရှုရှင်သည် ပင်လယ်ကမ်းနားတွင်လူအုပ်ကြီးအား တရားဟောကြားပြန်သည်။ လူအုပ်ကြီးသည် တိုးဝှေ့များပြားလာသဖြင့် ယေရှုသည် မတ်တပ်ရပ်စရာ နေရာမရှိတော့ပါ။ ထို့ကြောင့် ပရိသတ်များ ရှေ့တိုးမလာနိုင်သော ရေစပ်နား လှေပေါ်တွင် မတ်တပ်ရပ်၍ တရားဟောရသည်။ လောကသားများ သဘောပေါက်လွယ်မည့် အရာဝတ္တုများဖြင့် ပုံဥပမာပေးရှင်းပြသည်။ လူလောက ပတ် ဝန်းကျင်ကို ဝိညာဉ်ရှုဒေါင့်ဖြင့် ကြည့်ရှုလိုက်သည်။ ယနေ့ခေတ်ကလာ ယုံကြည်သူများသည်လည်း...