Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
ရှင်မာကုခရစ်ဝင် ၅
(ည) ဂါဒရနတ်ဆိုးမောင်းထုတ်ခြင်း (၅:၁-၂၀) ၅:၁-၅ ဂါလိလဲပင်လယ်အရှေ့ဘက်တွင် ဂါဒရ ပြည်ရှိသည်။ ထိုနေရာသို့ရောက်သောအခါ နတ်ဆိုးစွဲသောလူသည် သင်္ချိုင်းကုန်းမှ ဝရုန်းသုန်းကားထပြေးလာသည်။ အမျိုးမျိုးကုသကြသော်လည်း မအောင်မြင်ကြ။ ထိုသူသည် သင်္ချိုင်းကုန်းအုတ်ဂူဟောင်းများထဲတွင် နေသူ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို ကျောက်ချွန်ဖြင့် သွေးထွက်သံယိုဖြစ်သည်အထိ လှီဖြတ်လေ့ရှိသည်။ ၅:၆-၁၃ ထိုနတ်ဆိုးစွဲသူသည် ယေရှုကိုတွေ့လျှင် တွေ့ချင်းပြပ်ဝပ်ကိုးကွယ်လျက်ဦးချ သည်။ “ထိုအဖြစ်အပျက်ကို မျက်စိထဲတွင် မြင်ယောင်ကြည့်ပါ။ ယုံကြည်စိတ်ချစွာ...
-
ရှင်မာကုခရစ်ဝင် ၆
(ဋ) နာဇရက်သားများက ကိုယ်တော်အားငြင်းပယ်ကြခြင်း (၆:၁-၆) ၆:၁-၃ ယေရှုခရစ်တော်သည် တပည့်တော်များနှင့် အတူနာဇရက်သို့ပြန်လာကြသည်။ နာဇရက်သည်ကိုယ်တော်ကြီးပြင်းရာအရပ်၊ လက်သမားဘဝဖြင့် မိသားစုကို ကျွေးမွေးရာအရပ်ဖြစ်သည်။ ဥပုသ်နေ့တွင် တရားစရပ်၌ တရားဒေသနာဟောကြားသည်။ တရားနာပရိသတ်သည် ကိုယ်တော်၏ ဉာဏ်ပညာပြည့်ဝပုံ တရားတော်လေးနက်ပုံတို့ကို အံ့ဩကြသည်။ သို့သော်ဘုရားသားတော်အဖြစ် လက်မခံနိုင်ကြ။ နာဇရက်သားမာရိ၏သားမှန်း သိကြသည်။ ရပ်သူရွာသားများ မျက်စိအောက်တွင် လူလား မြောက်ကြီးပြင်းလာသူဖြစ်သည်။ ယေရှု၏ ညီတော်နှင့်...
-
ရှင်မာကုခရစ်ဝင် ၇
(ထ) ရှေးလူကြီး သူမစကားနှင့် နှုတ်ကပတ်တော် (၇:၁-၂၃) ၇:၁ ဖာရိရှဲနှင့် ကျမ်းတတ်ပုဂိ္ဂုလ်များသည် ယုဒဘာသာထုံးတမ်းစဉ်လာတွင် အယူသီးသူ များ ဖြစ်သည်။ သမ္မာကျမ်းစာလာ သမ္မာတရားကို ပညတ်တော်အောက်သို့ အတင်းထိုးထည့်ချင်သူူများ ဖြစ်သည်။ အချို့နေရာများတွင် နှုတ်ကပတ်တော်နှင့် ပညတ်တရားများ ထိပ်တိုက်ရင်ဆိုင်ရသည်လည်း ရှိသည်။ ဘာသာရေးခေါင်းဆောင်များသည် ဘာသာရေးကျင့်စဉ်အတိုင်း လိုက်နာကြခြင်းမရှိသူကို မှန် သည်ဟုမယူဆတတ်။ ၇:၂-၄ ယေရှု၏ တပည့်တော်များလက်မဆေးဘဲ...