Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ရှင်မာကုခရစ်ဝင် ၁၄

    ၇။ အစေတော်ခံ၏ ေဝဒနာခံစားခြင်းနှင့် အသေခံတော်မူခြင်း (အန်း ၁၄-၁၅) (က) ယေရှုကို သတ်ရန်ကြံစည်ခြင်း (၁၄:၁-၂) ၁၄:၁-၂ ကံကြမ္မာငင်သော ဗုဒ္ဓဟူးနေ့ရောက်ချေပြီ။ ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော် ကျရောက်ချိန် (၂)ရက်သာကိုလိုတော့သည်။ ဘာသာရေးခေါင်းဆောင်များက ယေရှုအား သတ်ဖြတ်သုတ် သင်ချင်နေကြပြီ။ သို့သော် ထိုပွဲတော်ရက်ကာလ အတွင်းတွင် မဖြစ်စေလိုကြ။ အဘယ်ကြောင့်ဆိုသော် ရပ်သူရွာသားများ ရုန်ရင်းဆန်ခတ်မဖြစ်စေလိုကြ။ ယဇ်ပုရောဟိတ်ကြီးနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များက...

  • ရှင်မာကုခရစ်ဝင် ၁၅

    (ဎ) လွှတ်အမတ်မင်းများရှေ့တွင် နံနက်စောစော စိးစီးစစ်ဆေးခြင်း (၁၅:၁) ၁၅:၁ ညသန်းခေါင်ယံတွင် အစည်းအဝေးပြုလုပ်ခြင်းသည် တရားမဝင်သဖြင့် တရားဝင် အောင် နံနက်ခင်း၌ ရုံးထိုင်စစ်ဆေးဟန်ပြုခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ရောမအစိုးရလက်အောက်ခံ ပါလက်စတိုင်းဒေသဘုရင်ခံ ပိလတ်မင်းထံ သို့ခေါ် ဆောင်ခြင်းဖြစ်သည်။ (ဏ) ပိလတ်မင်းရှေ့ရောက်သခင်ယေရှု (၁၅:၂-၅) ၁၅:၂ ဘာသာရေးခေါင်းဆောင်များက သခင်ယေရှုအား စစ်ဆေးမေးမြန်းခဲ့ကြပြီ။ အပြစ် တင်ခဲ့ကြသည်။ ယခုနယ်ဘက်တရားရုံးသို့စွဲချက်တင်ကြသည်။...

  • ရှင်မာကုခရစ်ဝင် ၁၆

    ၈။ အစေတေ်ခံ၏ အောင်ပွဲ (၁၆:၁-၂၀) (က) အုတ်ဂူအပေါက်ဝရောက်အမျိုးသမီးများ (၁၆:၁-၈) ၁၆:၁၄ စနေနေ့ညနေခင်းတွင် မာရိ(၂)ယောက်နှင့် ရှာလုံအမျိုးသမီးသည် သခင်ယေရှု၏ အလောင်းတော်အား နံ့သာဆီမွှေးပူဇော်ရန် အုတ်ဂူသို့ရောက်လာကြသည်။ အုတ်ဂူအပေါက်ဝတွင် ကြီးမားသော ကျောက်ပြားကြီးဖြင့် ပိတ်ဆို့ထားသဖြင့် မဝင်ရောက်နိုင်ကြ။ ရောမစစ်သားများက ကျောက် ပြားအားတံဆိတ်ခတ်နှိပ်ထာသည့်အပြင် စောင့်ကြည့်နေကြသည်။ သို့သော် မည်သည့်အရာကမှ သူတို့၏ သခင့် အပေါ်ထားရှိသည့် သံယောဇဉ်အား...