Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
တမန်တော်ဝတ္ထု ၁
၁။ ယေရုရှလင်အသင်းတော် (အခန်း ၁–၇) (က) ထမြောက်သော အရှင်သခင်၏ဝိညာဉ်တော် ကတိ(၁:၁–၅) ၁:၁ ကျမ်းစာကို ဖွင့်လျှင် ဖွင့်ခြင်းဆေးပညာရှင် လုကာက သောဖိလုထံ လိပ်မူ၍ ရေးသားသည်။ ထိုသူသည် မည်သူဖြစ်ကြောင်း အသေအချာမသိရပါ။ ရှင်လုကာခရစ်ဝင် နောက်ဆုံးပိုင်းကျမ်းပိုဒ်များတွင် ခရစ်တော်ပြန်လည် ကြွမြန်းကြောင်း၊ တပည့်တော်များ သန့်ရှင်းသော်ဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာ ခံကြရမည့်အကြောင်း (လု ၂၄:၄၈-၅၃) ရေးထားသည်။...
-
တမန်တော်ဝတ္ထု ၂
(ဃ) ပင်တေကုတ္တေနေ့နှင့် အသင်းတော်မွေးဖွားခြင်း (၂:၁–၄၇) ၂:၁ သခင်ခရစ်တော် ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်း (၅၀) နေ့ရက်သည် ပင်တေကုတ္တေနေ့ ပွဲတော်ရက် ဖြစ်သည်။ ထိုနေ့ရက်သည် ရှင်ပြန်ထမြောက်ခြင်း၏ အသီးအပွင့်၊ သန့်ရှင်းသောဝိညာဉ်တော် အထူးဆင်းသက်ရာ နေ့ကြီး ဖြစ်သည်။ ထိုနေ့တွင် တပည့်တော်များသည် စုဝေးဝတ်ပြုကြသည်။ ပင်တေကုတ္တေနေ့တွင် တစ်မျိုးပြောင်းလဲကြခြင်းသည် ဓမ္မဟောင်းကျမ်းချက်များအတိုင်း ဖြစ်နေသည် (ဝတ် ၂၃:၂၅-၂၆ ကို...
-
တမန်တော်ဝတ္ထု ၃
(င) ခြေဆွံ့သူကျန်းမာခြင်းနှင့် ဣသရေလများအား ပေတရုကဆုံးမခြင်း (၃:၁–၂၆) ၃:၁ ပေတရုနှင့် ယောဟန် ဗိမာန်တော်သို့ရောက်ရှိသည့်အချိန်သည် ညနေ(၃)နာရီခန့် ဖြစ်သည်။ ယခင်ကျမ်းပိုဒ်အတိုင်း ကနဦး ယုဒခရစ်ယာန်များသည် ခရစ်ယာန်ဘာသာ ယုံကြည်သက်ဝင်သွားကြသော်လည်း ဗိမာန်သို့ သွားနေကြဆဲဖြစ်သည်။ ထိုကာလသည် စပ်ကူးမတ်ကူး အသွင်ကူးပြောင်းရေးကာလ ဖြစ်သည်။ ယုဒရိုးရာ ထုံးတမ်းစဉ်လာကို လုံးဝလွှင့်ပစ်၍ မရသေး။ ယနေ့ ယုံကြည်သူများသည် ထိုပုံသဏ္ဌာန်မျိုးနှင့် မသင့်တော်ပါ။...