Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • တမန်တော်ဝတ္ထု ၄

    (စ) ညှဉ်းဆဲနှိပ်စက်ခြင်းကြောင့် အသင်းတော်ကြီးထွားခြင်း (၄:၁ – ၇:၆၀) ၄:၁–၄  ပထမဦးဆုံး ညှဉ်းဆဲနှိပ်စက်ခြင်း ခံရသော အသင်းတော်ပေါက်စများသည် လုံးဝပျက်သုဉ်းမတတ်ဖြစ်ခဲ့ရသည်။ ထိုသို့ ညှဉ်းပန်းနှိပ်စက်သူများမှာ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော် အကြီးအကဲများ၊ မင်းတိုင်ပင်အမတ်များနှင့် တမန်တော်များကို ဆန့်ကျင်သူ များဖြစ်သည်။ Scroggie က “ယဇ်ပုရောဟိတ်ကြီးများသည် ဘာသာရေးအရေခြုံများ၊ ဗိမာန်တော်အကြီးအကဲများသည်၊ နိုင်ငံရေးနှင့် ဆက်နွယ်ပတ်သက်သူများ၊ ဇဒ္ဒုကဲများသည်...

  • တမန်တော်ဝတ္ထု ၅

    ၅:၁–၄  ဘုရားသခင်၏ တန်ခိုးတော်လှုပ်ရှားသောအခါ စာတန်သည် ပျက်စီးအားနည်း၊ နိမ့်ကျသွားသည်။ ဝိညာဉ်တော်တန်ခိုးရောက်ရှိသောအခါ အတ္တသမားများသည် ပျက်စီးသွားကြသည်။ အာနနိနှင်ရှဖိရေတို့သည် ဗာနဗနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ လူများ၏ အသိအမှတ်ပြုခြင်းကို ခံယူလိုသောကြောင့် မြေကွတ်ရောင်း၍ တပည့်တော်များနှင့် လူရှေ့သူရှေ့တွင် ပေးကမ်းလှူဒါန်းကြသည်။ ရောင်းရငွေ၏ တပိုင်းတစသာ ပေးလှူသော်လည်း အကုန်လုံးပေးလှူဟန်ဆောင်ကြသည်။ မည်သူက မှ ရောင်းချပေးလှူရန် မတိုက်တွန်းပါ။ ​မြေကွတ်ရောင်းပြီးသောအခါ အကုန်လုံးမပေးလှူဘဲ အကုန်ပေးလှူဟန်ဆောင်သည်။ ပေတရုသည်...

  • တမန်တော်ဝတ္ထု ၆

    ၆:၁ စာတန်သည် အကြမ်းတိုက်ခိုက်နည်းဖြင့် မရနိုင်မှန်းသိသောအခါ အနုနည်းဖြင့် ဝင်ရောက်မွှေနှောက်ရန် နည်းလမ်းရှာပြန်သည်။ ထိုအကြောင်းဤသို့တည်း။ ကနေဦးအသင်းတော်ကာလတွင် ယုံကြည်သူမုဆိုးမများ အသင်းတော်က ထောက်ပံ့လေ့ရှိသည်။ “ကာလအနည်းငယ်ကြာသော် တပည့်တော်အရေအတွက် တိုးတက်များပြားလာသည်။ ထိုအခါ   ဂရိစကားပြောသောယုဒ နှင့် ဒေသခံယုဒများ အငြင်းပွားကြ၏၊ ဂရိစကားသုံးစွဲသူ ယုဒများက သူတို့မုဆိုးမများတွင် နေ့စဉ်အသုံးစရိတ်မရသောကြောင့် စကားများလာကြသည်။” ၆:၂–၃  ယုံကြည်သူဦးရေတိုးပွားလာသည်နှင့်အမျှ အသင်းတော်လည်းကြီးထွားလာသည်။ စီမံအုပ်ချူပ်မှုကိစ္စရပ်များလဲ များပြားလာသည်။...