Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
တမန်တော်ဝတ္ထု ၁၀
၁၀:၁-၂ ကဲသရိမြို့သည် ယုပ္ပေမြို့၏ မြောက်ဘက် မိုင် (၃၀)ခန့် အကွာတွင် ရှိသည်။ ထိုမြို့တွင် ရောမစစ်သူကြီး ကော်နေလိ ဆိုသူရှိသည်။ သူ့တပ်ကို ဣတလိတပ် ဟု ခေါ်ကြသည်။ ထိုသူ၏ အိမ်ထောင်မိသားစုဝင်များသည် ဘုရားတရား ကိုင်းရှိုင်းသူများဖြစ်သည်။ ဆင်းရဲသားများကိုလည်း ပေးကမ်းစွန့်ကြဲတတ်သော စေတနာသဒ္ဓါပွားများသူဖြစ်သည်။ Ryrie က “ယုဒတို့၏ ဘုရားနှင့် ရောမအစိုးရအား သစွာရှိသူဖြစ်သောကြောင့် ဘုရားသခင်ကို...
-
တမန်တော်ဝတ္ထု ၁၁
၁၁:၁-၃ ပေတရု၏ သွန်သင်ချက်ကြောင့် တပါးအမျိုးသားများ ကယ်တင်ခြင်းရရှိကြခြင်း မင်္ဂလာသတင်းသည် ယုဒပြည်အနှံ့အပြား၌ တောမီးပမာပျံ့နှံ့သွားသည်။ ထို့ကြောင့် ယေရုရှလင်မြို့သို့ ပေတရုပြန်ရောက်သောအခါ တပါးအမျိုးသားများနှင့်အတူတူ စားသောက်ရသလား၊ အရေဖျားမလှီးသူများအား ဆက်ဆံပတ်သက်ရသလားဟု အပြစ်တင်ခံရသည်။ အရေဖျားလှီးခြင်းဆိုသည်မှာ ယုဒထုံးစံဖြစ်၍ ခရစ်ယာန်ဖြစ်လျှင်လည်း ရေဖျားလှီးရသည်ဟု ခံယူကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာခံယူလိုလျှင် အရေဖျားလှီးရမည်ဟု ပညတ်ချင်ကြသည်။ တပါးအမျိုးသားများနှင့် မပေတရုစားသောက်ခြင်းသည်လည်း အပြစ်ရှိသည်ဟု သတ်မှတ်ကြသည်။...
-
တမန်တော်ဝတ္ထု ၁၂
(ဂ) ဟေရုဒ်၏ဖိနှိပ်ခြင်းနှင့် ကိုယ်တော်၏သေခြင်းတရား (၁၂:၁–၂၃) ၁၂:၁–၂ တာတန်၏ ထိုးနှက်ချက်သည် ရပ်နားသည်မရှိ။ ဟေရုဒ်ဘုရင်၏ ညှဉ်းပန်းနှိပ်စက်မှု ပြင်းထန်းလာသည်။ သူသည် မဟာဟေရုဒ်၏မြေးဟေရုဒ်အဂြိပ္ပ(၁)မင်းဖြစ်သည်။ ရောမအင်ပါယာ ဧကရာဇ်ကလောဒီက ယုဒတပြည်လုံးအုပ်စိုးရန် ဘုရင်ခံအဖြစ် ခန့်အပ်သည်။ မောရှေပညတ်ချက်ကို စောင့်ထိန်းလိုက်နာသယောင်နှင့် ယုဒများအလိုလိုက် အကြိုက်ဆောင်သူဖြစ်သည်။ အသင်းတော်ကိုရက် စက်စွာဆန်ကျင်လျက် ယောဟန်၏ညီ ယာကုပ်ကိုလည်း ဓါးဖြင့်ထိုးသက်ခဲ့သည်။ ထိုယာကုပ်သည် ပေတရု၊ ယောဟန်တို့နှင့်အတူတောင်ပေါ်တွင်...