Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • တမန်တော်ဝတ္ထု ၂၂

    ၂၂:၁–၂  မိန့်ခွန်းပြောကြားရာတွင် ရှင်ပေါလုသည် ဂရိဘာသာစကားထက် ဟေဗြဲဘာသာစကားကို ပါးနပ်ကျွမ်းကျင်စွာသုံး၍ ယုဒပရိသတ်ထဲသို့ ပစ်ထည့်သည်။ မိမိတို့ မိခင်ဘာသာစကားကို ကြားသိရသောအခါ ဝမ်းမြောက်ဝမ်းသာဖြစ်လျက် နားရွက်မလှုပ်ဘဲ ငြိမ်သက်ကြသည်။ တိတ်ဆိတ်ကြသည်။ ၂၂:၃–၅  ရှင်ပေါလုက သူ့ဇာတိဖြစ်စဉ်များကို ဦးစွာ ထုတ်ဖော်ရှင်းပြသည်။ ကိလိကိပြည် တာရှုအရပ်တွင် ယုဒမိဘမျိုးနွယ်မှ ပေါက်ဖွားသူဖြစ်ကြောင်း ယုဒထုံးတမ်းစဉ်များကိုလည်း ဂါမလျေလခြေတော်ရင်းမှာ တပည့်သားရင်း ခံလျက် ယေရုရှလင်မြို့၌ ကြီးပြင်းကြောင်းရှင်းပြခဲ့သည်။...

  • တမန်တော်ဝတ္ထု ၂၃

    ၂၃:၁–၂  မင်းတိုင်ပင်အမတ်များ ပါဝင်သော လွှတ်တော်အမတ်များရှေ့သို့ ပေါလု ရောက်ရှိသောအခါ စိတ်နှလု့းတည်ငြိမ်စွာဖြင့် သူသည်ဘာသာတရားကြည်ညိုလေးစားသော လူကြီးလူကောင်းဖြစ်ကြောင်း ရှင်းပြသည်။ ထိုစကားကို ကြားသောအခါ ယဇ်ပုရောဟိတ်ကြီးအာနနိ စိတ်ဆိုးသည်။ ယုဒဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူပြောင်းသူတစ်ယောက်က  ဘာသာတရားကိုင်းရှိုင်းသည်ဟု ပြေရကောင်းသလား၊ ယုဒဘာသာကို စော်ကားခြင်းဖြစ်သည်ဟု ခံယူသည်။ ထို့ကြောင့် ထိုစကားကို ပြောသောပါးစပ်ပေါက်အား ရိုက်ခိုင်းသည်။ ခုံသမာဓိလူကြီးမင်းများရှေ့မှာ ထိုသို့ပြုမူခြင်းသည် မင်းမဲ့စရိုက် လူမိုက်တရားဖြစ်သည်။...

  • တမန်တော်ဝတ္ထု ၂၄

    ၂၄:၁  ငါးရက်ကြာသောအခါ ယဇ်ပုရောဟိတ်ကြီး အာနနိနှင့်မင်းတိုင်ပင်အမတ်များ ကဲသရိသို့ ရောက်ရှိလာကြသည်။ ဆွဲချရှေ့နေအဖြစ် ရောမ အစိုးရရှေ့နေ တေရတုလုကိုလည်း ငှားရမ်းခေါ်ဆောင်လာသည်။ ထိုရှေ့နေသည် ဖေလဇ်မင်းဘက်မှ ရပ်တည်၍ ပေါလုအား စွဲချက်ကောင်းကောင်းတင်ရမည်။ ၂၄:၂–၄  ရှေ့နေကြီး တေရတုလုသည် အမှုကြီးစေရန် ဖေလဇ်မင်းအား မြှောက်ထိုးပင့်ကော် ပြောရသည်။ တရားဓမ္မ၏လေးနက်ပုံကို ဋီကာချဲ့စကားဖောင်ဖွဲ့သည်။ ဖေလ်ဇ်မင်းသည် အာဏာဖီဆန်သူများနှင့် လူထုအထိကရုဏ်းဖြစ်အောင် လုပ်သူများကို တရားကျကျစီရင်လေ့ရှိကြောင်း၊...