Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
တမန်တော်ဝတ္ထု ၁၉
၁၉:၁ ဧဖက် ရောက်ခဲ့စဉ်က ပေါလုသည် အလိုတော်ရှိလျှင် နောက်တစ်ခါလာဦးမည်ဟု ကတိပြုခဲ့သည်။ ထိုစကားသည် ဘုရားသခင် အလိုတော်နှင့်ပြည့်စုံသွားသည်။ ပေါလုသည် ဂလာတိပြည်၊ ဖြူဂိပြည်မှတဆင့် အာရှအနောက်ပိုင်းကမ်းခြေရှိ ဧဖက်မြို့သို့ ကုန်းလမ်းခရီးဖြင့်ရောက်သည်။ ဧဖက်မြို့တွင် တပည့်တော်ဖြစ်ချင်ကြသူများနှင့် တွေ့သည်။ ထိုသူများနှင့်စကားစမြည်ပြောသောအခါ ခရစ်ယာန်ယုံကြည်ခြင်းမပြည့်စုံသေးကြောင်းတွေ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်ခံယူခြင်းရှိမရှိ သံသယဖြစ်နေသည်။ ၁၉:၂ ထို့ကြောင့် “သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူရရှိကြပြီလား”...
-
တမန်တော်ဝတ္ထု ၂၀
၂၀:၁ တမန်တော်ကြီးသည် ဧဖက်မှ မာကေဒေါနိပြည်သို့ တိုက်ရိုက်ခရီးထွက်ကြောင်း တွေ့ရသည်။ ကောရိန္သုသြဝါဒ ဒုတိယစာစောင်မှာမူ ပထမဦးစွာ တရောသို့ အရင်သွားကြောင်း ဆိုထားသည်။ ထိုနေရာတွင် ဧဝံဂေလိတရားဟောကြားခွင့် အခွင့်အရေးကောင်း ကြုံကြိုက်သဖြင့် တရားလိုက်ဟောသည်။ စိတ်ထဲမှာမူ ကောရိန္သုမှလာသော တိတုနှင့် တွေ့ဆိုဖို့ စိတ်ဝင်စားနေသည်။ သို့သော် တိတုနှင့်မဆုံသဖြင့် အရှေ့မြောက်ဒေသရှိ မာကေဒေါနိပြည်သို့ ခရီးဆက်နှင်သည်။ ခရီးဆက်သွားနေစဉ် မူလအစီအစဉ်တွင် မပါပဲလျက်...
-
တမန်တော်ဝတ္ထု ၂၁
၂၁:၁–၄(က) ရှင်ပေါလုနှင့် အပေါင်းအဖေါ်များသည် မိလက်မြို့ကို နှုတ်ဆက်ခဲ့ကြပြီးနောက် ကောသကျွန်းသို့ ရွှက်လွှင့်ရောက်ရှိကြပြီ။ ညအိပ်ရန်နားကြသည်။ နောက်တနေ့တွင် ရောဒုကျွန်းသို့ ခရီးဆက်ကြသည်။ ထိုမှတဆင့် အရှေ့ဘက်သို့လားသော် အာရှမိုင်းနား၏ တောင်ဘက်သင်္ဘောဆိပ်မြို့ဖြစ်သော ပါတရသို့ ရောက်သွားကြသည်။ ပါတရသို့ရောက်သော်၊ ဖိနတ်ပြည်သို့သွားမည့် သင်္ဘောကြုံသဖြင့် လိုက်ပါသွားကြသည်။ ရှုရိပြည်သို့သယ်ဆောင်မည့်ကုန်ပစ္စည်းများ တင်ချပြီးသောအခါ မြေထဲပင်လယ်ကို ဖြတ်သန်းလျက်ကုပရုအနားဖြတ်ကာတုရုမြို့သို့ ရောက်ရှိကြသည်။ ထိုမြို့တွင် ကုန်ပစ္စည်းဝန်စည်စလယ်များ တင်ချနေသောကြောင့်...