Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
တမန်တော်ဝတ္ထု ၁၆
၁၆:၁-၂ ဒေရဗေနှင့် လုတ္တရသို့ ပြန်လာခြင်းသည် ပေါလုအတွက် မော်ကွန်းမှတ်တမ်းတင်စရာ တစ်ခုဖြစ်သည်။ သူ့အား ခဲဖြင့်ဝိုင်းပေါက်ကြခြင်းကို အမှတ်မထား။ သို့သော် ဤအရပ်ဒေသသည် အသက်အန္တရာယ်လုံခြုံခြင်း မရှိကြောင်းကို သတိထားသည်။ ဤပထမတခေါက် ပေါလုရောက်ခဲ့စဉ်တွင် အသက်တာပြောင်းလဲသူတစ်ယောက်ရှိသည်။ ထိုသူမှာ တိမောသေဖြစ်သည်။ ထိုမြို့သည် တိမောသေ၏ ဇာတိမွေးမြေဖြစ်သည်။ တိမောသေသည် ယုဒယုံကြည်သူများမိသားစုမှ ပေါက်ဖွားသူဖြစ်သည်။ သူ့ဖခင်သည် ဂရိလူမျိုးဖြစ်၍ သေဆုံးသွားပြီ။ လုတ္တရနှင့်...
-
တမန်တော်ဝတ္ထု ၁၇
၁၇:၁ ပေါလုနှင့်သိလသည် ဖိလိပ္ပုမြို့မှ (၃၃)မိုင်ကွာဝေးသော အနောက်တောင်ဘက်ရှိ အံဖိပေါလိမြို့သို့ထွက်ခွါသွားကြသည်။ ထိုမြို့မှတဆင့် မိုင်(၃၀)ကွာဝေးသော အာပေါလောနိမြို့ သို့ ရောက်ကြသည်။ ခဏရပ်နားပြီး အနောက်တောင်ဘက်ထောင့်ရှိ (၃၇) မိုင်ကွာဝေးသော သက်သာလောနိတ်မြို့ သို့ဆက်သွားကြသည်။ ထိုမြို့သည် ကူးသန်းရောင်းဝယ်ရေးဖြင့် ပျားပန်းခတ် စည်ကားသောအချက်အချာမြို့ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် တမန်တော်များ ပေါင်းကူးခြေကုပ်ယူရန် ထိုမြို့ကို ရွေးချယ်သတ်မှတ်ပေးသည်။ ယနေ့ ထိုမြို့ကို စလိုနီးကီးယားဟု ထင်ပေါ်ကျော်ကြားသည်။...
-
တမန်တော်ဝတ္ထု ၁၈
၁၈:၁ အေသင်မှ ပေါလုထွက်သွားခြင်းသည် မအောင်မြင်သော တရားပွဲဟု အချို့က ထင်မြင်ကြသည်။ အမှန်မှာ သန့်ရှင်းသောဝိညာဉ်တော်က အခါယပြည်မြို့တော် ကောရိန္သုသို့ ပို့ဆောင်ခြင်းဖြစ်သည်။ ထိုမြို့သည် မတရားညစ်ညမ်းသောအသင်းတော်ရှိရာမြို့ဖြစ်သည်။ ၁၈:၂–၃ ကောရိန္တုမြို့တွင် ပေါလုသည်ဘဝတလျှောက် လက်တွဲဖော်ပြုသည့် အာကုလ နှင့် ပြစ်ကိလတို့ လင်မယားနှင့်မိတ်ကောင်း ဆွေကောင်းဖွဲ့ကြ၏။ အာကုလသည် အာရှမိုင်းနား အရှေ့မြောက်ဒေသ ပုန္တုသား ယုဒလူမျိုးဖြစ်သည်။ ဇနီးသည် ပြစ်ကိလနှင့်အတူ...