Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဂလာတိသြဝါဒစာ ၅

    ၅:၁ အခန်းကြီး(၄)၏ နောက်ဆုံးကျမ်းပိုဒ်တွင် ယုံကြည်သူများသည် လူလွတ်များဖြစ်သည်ဟု ဆိုထားသည်။ ထိုလူလွတ်၏ အသက်တာကို သွန်သင်သည်။ ပညတ်တရားနှင့်ကျေးဇူးတော်၏ ကွာခြားပုံကို ရှင်းပြသည်။ ပညတ်တရားက လွတ်လပ်မှုလိုချင်လျှင် လွတ်လပ်မှုကိုရှာပါဟုဆိုသည်။ ကျေးဇူးတော်ကမူ ”ခရစ်တော် အသေခံကတည်းက သင်လွတ်လပ်သွားပြီ၊ သို့ဖြစ်၍ လွတ်လပ်သူအဖြစ် ရပ်တည်လော့၊ နောက်တဖန် ကျွန်အဖြစ်မခံနှင့်” ဆိုသည်။ ပညတ်တရားသည် လမ်းပြသော်လည်း ကူးတို့ ရောက်အောင် လိုက်မပို့။...

  • ဂလာတိသြဝါဒစာ ၆

    ၆:၁ မင်္ဂလာတရားနှင့်ပြည့်စုံသော ကျမ်းချက်ဖြစ်သည်။ အပြစ်ကျူးလွန်နေသော ယုံကြည်သူကိုတွေ့ရှိပါက အခြားညီအစ်ကိုခရစ်ယာန်များက ဝိုင်းဝန်းမထူရမည့်အကြောင်းဖြစ်သည်။ ထိုမင်္ဂလာတရားသည် ပညတ်တရားနှင့် တခြားစီဖြစ်သည်။ ပညတ်တရားမှာမူ ကိုယ်ဖြစ်ကိုယ်ခံဖြစ်သည်။ မကောင်းမှု တစုံတစ်ခုပြုလုပ်မည် ဆိုသည်မှာ ပြစ်မှုတစ်ခု ကျူးလွန်မည့်ကိန်းတွေ့နေလျှင် တားဆီးကူညီဖို့ဖြစ်သည်။ ထိုသို့ကူညီခြင်းသည် ဝိညာဉ်တော်နှင့်ပြည့်စုံသော ခရစ်ယာန် အသက်တာဖြစ်သည်။ ဇာတိခရစ်ယာန်သားမူကား သူတပါးအကျိုးလိုလားခြင်းကို မပြုတတ်။ မိမိနှင့်မသက်ဆိုင်သကဲ့သို့ ဖာသိဖာသာနေတတ်သည်။ သူတပါးအခက်အခဲကို လျစ်လျူရှုတတ်သည်။ ထိုဆင်းရဲဒုက္ခဘေးအန္တရာယ်မှ...

  • ဧဖက်သြဝါဒစာ နိဒါန်း

    ရှင်ပေါလုဩဝါဒစာများ၏ သရဖူဖြစ်သည်။                       J. Armitage Robinson ပေါလု၏ တတိယကောင်းကင်ဘုံ ပေးစာဖြစ်သည်။              A.T. Pierson. ၁။ စံတော်မီဝိသေသလက္ခဏာ           ပေါလု၏လက်ရာတစ်မျိုးဖြစ်သည်။ နှုတ်ဆက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းပုံ၊ ယုံကြည်ပုံ၊ ကျေးဇူးတင်ပုံများသည် နမူနာယူစရာဖြစ်သည်။ ဧဖက်သားများသို့ လိပ်မူရေးသားသောစာဖြစ်သော်လည်း တရားဒေသနာ ဆုတောင်းမေတ္တာပို့သ ခြင်း၊ ဘိသိက်ပေးခြင်းများဖြင့် မွှမ်းထုံနေပါသည်။ ဤဩဝါဒစာနှင့် ပတ်သက်၍...