Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
ဧဖက်သြဝါဒစာ ၄
၂။ ဘုရားသခင်၌ ယုံကြည်သူများ၏ ဘဝအသက်တာ (အခန်း ၄:၆) (က) ခရစ်ယာန်မိဿဟာယ၌ တလုံးတဝတည်းရှိခြင်း (၄:၁–၆) ၄:၁ ဘာသာရပ်တစ်ခုသို့ ပြောင်းထားသည်။ ယခင်အပိုင်းသည် ခရစ်ယာန်ဖြစ်လာကြပုံ၊ ခရစ်တော်၏ ခေါ်သံစကား ဖြစ်သည်။ ခေါ်တော်မူခြင်း ကျေးဇူးတော်ခံစားသူများ၏ ကြွယ်ဝသောအသက်တာကို ရှင်းပြခဲ့သည်။ ဤအခန်းမှစ၍ ခရစ်ယာန်တစ်ယောက်အနေဖြင့် လက်တွေ့အသက်တာတွင် ကျင့်ဆောင်ရမည့်အချက်များကို သွန်သင်ထားသည်။ ယုံကြည်သူ များသည်...
-
ဧဖက်သြဝါဒစာ ၅
၅:၁ အပြစ်ခွင့်လွှတ်ခြင်းအကြောင်းကို ၄:၃၂ တွင် သွန်သင်ခဲ့သည်။ ထိုကျမ်းချက်နှင့်ဆက်စပ်၍ ဆိုထားသည်မှာ ဘုရားသခင်က ခရစ်တော်အားဖြင့် သင်တို့အပြစ်များကို ခွင့်လွှတ်သကဲ့သို့ အချင်းချင်းအပြစ်များကိုလည်း ခွင့်လွှတ်ကြဖို့ သွန်သင်ပါသည်။ ဘုရားသခင်၏ချစ်သားများ ဖြစ်ကြသည်နှင့်အညီ ဟုကျမ်းစာက အလေးထားဖော်ပြပါသည်။ လူ့သဘောသဘာဝအရ သားသမီးများသည် မိဘများအကျင့်ကို လက်ခံရယူသူများဖြစ်သည်။ ဝိညာဉ်ရေးရာတွင်လည်း ဘုရားသခင်သည် ခမည်းတော်ဘုရားဖြစ်သောကြောင့် ခမည်းတော်ဘုရား၏ချစ်သားများဖြစ်သည်နှင့်အညီ ခမည်းတော်၏ အမူအကျင့်ကို နမူနာယူရသည်။ ၅:၂...
-
ဧဖက်သြဝါဒစာ ၆
၆:၁ အခန်း ၅ တွင်ဝိညာဉ်တော်ဖြင့် ပြည့်ဝသူသည် တစ်ယောက်ကိုတစ်ယောက် အောက်ကျို့ နှိမ့်ချရသည်ဟု သွန်သင်ထားပါသည်။ ဝိညာဉ်တော်ဖြင့် ပြည့်ဝသောမိန်းမသည် လင်ယောက်ျားကို အကြွင်းမဲ့ဝန်ခံရသည်ဟု ဆုံးမထားပါ သည်။ ယခုတဖန်ဝိညာဉ်တော်ဖြင့် ပြည့်ဝသောသားသမီးများသည် မိဘအုပ်ထိန်းမှုကို နာခံရမည့်အကြောင်း သွန်သင် ထားသည်။ သားသမီးများသည်ဘုရားသခင်၏ နာမတော်မြတ်၌ မိဘစကားကိုနာခံရမည့် အကြောင်းသည် ပဓါန အကြောင်းတရားဖြစ်သည်။ သားသမီးများသည် ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ၊...