Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
ဧဖက်သြဝါဒစာ ၁
၁။ ခရစ်တော်၌ ယုံကြည်သူများ၏ အခန်းကဏ္ဍ (အခန်း ၁–၃) (က) နှုတ်ခွန်းဆက်သခြင်း (၁:၁–၂) ၁:၁ ပေါလုဟူသောစကား၏ အဓိပ္ပါယ်မှာ ”အသေးလေး” ဖြစ်သည်။ ရုပ်ခန္ဓာကိုယ်အားဖြင့် သေးငယ်လျှင် သေးငယ်မည်။ ဝိညာဉ်ရေးရာတွင် ဧရာမလူထွားကြီးဖြစ်သည်။ သူ့ကိုယ်သူ ယေရှုခရစ်တော်၏ တမန်တော် ဟု မိတ်ဆက် ထားသည်။ ဆိုလိုသည်မှာ အခြားတမန်တော်များနှင့်မတူ၊ သီးသန့် ရွေးကောက်ထားသည်ဟုဆိုလိုသည်။...
-
ဧဖက်သြဝါဒစာ ၂
(ဃ) တပါးအမျိုးသားများနှင့် ယုဒအမျိုးသားများအတွက် ကယ်တင်ခြင်းတရား (၂:၁–၁ဝ) ၂:၁ အခန်းဆက်ပြောင်းသော်လည်း အကျိုးအကြောင်း ဆက်နွယ်နေသည်။ အခန်း၁တွင် ယေရှုခရစ်တော် ထမြောက် ခြင်း၊ ဘုန်းတန်ခိုးပြည့်စုံစွာစံမြန်းခြင်းများသိခဲ့ရပြီ။ ယခုတစ်ဖန် ဝိညာဉ်ရေးရာ အသေဘဝမှ ထမြောက်၍ ခရစ်တော်ထံပါး၌ စိုးစံနိုင်မည့် ဘုန်းတန်ခိုးအကြောင်းကို ရှင်ပြထားသည်။ ဤကျမ်းပိုဒ်ကိုလေ့လာရာတွင် ကမ္ဘာဦးကျမ်းအခန်း၁ကို ပြန်ကောက်ရသည်။ (၁) ပျက်စီးခြင်း၊ ကစဉ့်ကလျား ဖြစ်ခြင်း၊...
-
ဧဖက်သြဝါဒစာ ၃
(စ) လျှို့ဝှက်နက်နဲချက်အတွက် စကားချပ် (၃:၁–၁၃) ၃:၁ အခန်းငယ်(၁၄)တိုင်အောင် ခရစ်တော်နှင့် အသင်းတော်၏ လျှို့ဝှက်နက်နဲချက်ကို ရှင်းပြထားပါသည်။ မျက်မှောက် အသင်းတော်ကာလသည် ဘုရားသခင်နှင့် နက်နဲစွာဆက်ဆံရသော ကာလဖြစ်သည်။ ထိုအကြောင်းကို အောက်တွင်ဆက်လက်ရှင်းပြထားပါသည်။ ဓမ္မဟောင်းကာလတွင် ဘုရားသခင်သည် ယုဒလူမျိုးနှင့်သာ ဆက်ဆံခဲ့သည်။ ကမ္ဘာဦးကျမ်း အခန်း(၄)မှစ၍ မာလခိအနာဂတ္တိကျမ်း အခန်း(၄)တိုင်အောင် အာဗြဟံနှင့် သားစဉ်မြေးဆက်များ သမိုင်းကြောင်းပေါ်တွင် အခြေပြုထားသည်။...