ဓမ္မဟောင်းကျမ်း
ဓမ္မဟောင်းကျမ်း
-
ရုသဝတ္ထု ၁
၁။ မောဘပြည်တွင်နေထိုင်ခြင်း (၁:၁–၅) ၁:၁–၂ စာအုပ်ဖွင့်လျှင်ဖွင့်ခြင်း ယုဒအိမ်ထောင်မိသားစုတစုအကြောင်း တွေ့ရသည်။ ယုဒပြည်ရှိ မုန့်ဖိုအရပ်ဟု နာမည်ရသော ဗက်သလင်တွင် နေထိုင်ကြသော်လည်း ဆင်းရဲငတ်မွတ်ပြတ်လတ် ကြသဖြင့် ပင်လယ်သေ အရှေ့တောင်ဘက်ရှိ မောဘပြည်သို့ ပြောင်းရွှေ့အခြေချကြသည်။ မိဘများမှာ ဖခင် ဧလိမလက် (ဘုရားရှင်သည် ငါ့ဘုရင်)၊ မိခင် နောမိ (ဒေါ်ပြုံးချို) သားများနာမည်မှာ မဟာလုန် (ချူချာ) နှင့်...
-
ရုသဝတ္ထု ၂
၃။ ဗောဇလယ်ကွင်းမှ ရုသ (အခန်း ၂) ၂:၁–၃ ပညတ်တရားအရ ဣသရေလလူများသည် မိမိလယ်မြေများကို ပြောင်သလင်းခါအောင် မရိတ်သိမ်းရ။ မရှိဆင်းရဲသားများ အာဂန္တုဧည့်သည်များအတွက် အကြွင်းအကျန်ချန်ထားရသည် (ဝတ် ၁၉:၉၊ ၂၃:၂၂၊ တရား ၂၄:၁၉)။ ထိုပညတ်တရားအတိုင်း ရုသသည် ယောက္ခမ လုပ်ကျွေးဖို့ သူများလယ်တွင် ကောက်သင်းလိုက်ကောက်သည်။ ဘုရားသခင်အကြံအစည်တော်အတိုင်း ဗောဇလယ်ကွင်းသို့ ရောက်သွားသည်။ ထိုသူသည်...
-
ရုသဝတ္ထု ၃
၄။ ရုသက ဆွေမျိုးများရွေးနှုတ်ခြင်း (အခန်း ၃) ၃:၁–၅ နောမိက ရုသအား ဘဝအိုးအိမ် လုံခြုံစေချင်သည်။ အိမ်ထောင်ချချင်သည်။ သို့ဖြင့် ဗောဇစပါးလှေ့သည့်ညဉ့်တွင် ခြေရင်း၌ သွားအိပ်ခိုင်းသည်။ ရုသအဖို့ ယုဒထုံးစံသည် ထူးဆန်းပေမည်။ ထို့ကြောင့် ယုဒရိုးရာထုံးတမ်းစဉ်လာ၊ အမွေဆက်ခံပုံ၊ မုဆိုးမများ နောက်အိမ်ထောင်ပြုခြင်းထုံးစံများကို အသေးစိတ်ပြောပြရသည် (Daily Notes of the...