ဓမ္မဟောင်းကျမ်း
ဓမ္မဟောင်းကျမ်း
-
ဓမ္မရာဇဝင်ပဋ္ဌမစောင် ၈
(စ) ရှင်ဘုရင်လိုအပ်ခြင်းနှင့်ရွေးချယ်ခြင်း (အခန်း ၈၊၉) ၈:၁–၅ ရှမွေလသည် အသက်အရွယ်ကြီးရင့်၍ ဖိုးထောက်ဖြစ်လာသောအခါ ငယ်ရွယ်နုပျိုစဉ်ကဲ့သို့ မသွားလာနိုင်။ သို့ကြောင့် ဗေရရေဗမြို့တွင် ယောလနှင့်အဘိရသားနှစ်ယောက်အား တရားသူကြီးခန့်အပ်သည်။ သို့သော် ထိုသားများသည် ဖခင်နှင့်မတူ တံစိုးလက်ဆောင်ရယူ၍ အကျင့်ပျက်ကြသည်။ သူတို့ရှေ့တွင် နမူနာပြသွားသော ဧလိမိသားစုအတိုင်း ပြည်သူလူထု၏ မျက်မုန်းကျိုးခြင်းခံကြရသည်။ သို့ကြောင့် မြို့မိမြို့ဖ မြို့မျက်နှာဖုံးများသည် ရှမွေလထံသို့ သွားရောက်၍...
-
ဓမ္မရာဇဝင်ပဋ္ဌမစောင် ၉
၉:၁–၁၄ ဗင်္ယာမိန်အမျိုး ကိရှ၏သားရှောလုတွေ့ရသည်။ ကိရှ၏သားရှေလုနှင့်အဖော်များသည် ဖခင်၏မြည်းများကိုတောထဲ၌ လိုက်ရှာကြသည်။ ရှာမတွေ့ကြသဖြင့် ရွာနီးချုပ်စပ်ရှိ အကြားအမြင်ပေါက်ဆရာ၊ ဘုရားသခင်၏လူထံ သွားရောက်မေးမြန်းရန် တိုင်ပင်ကြသည်။ မြင်ဆရာအား ပေးရန်လည်း လက်ထဲတွင် ပိုက်ဆံတစ်မတ်သာရှိသည်။ ရွာနားရောက်သောအခါ ရေခပ်သူမ ကညာပျိုတစ်စုကို မေးမြန်းပြီး ရှမွေလအိမ်ဘက်သို့ သွားကြသည်။ ထိုနေ့ရက်သည် ဘာသာရေးပွဲနေ့ရက်ဖြစ်သဖြင့် ပွဲတော်မသွားမီ တွေ့ဆုံခွင့်ရရန် အပြေးအလွှားသွားကြသည်။ ရှမွေလကလည်း ထိုသူများရောက်လာမည့်အကြောင်း အာရုံပေါ်သဖြင့်...
-
ဓမ္မရာဇဝင်ပဋ္ဌမစောင် ၁၀
၂။ ရှောလုအုပ်စိုးမင်းမူခြင်း (အခန်း ၁၀၊၁၅) (က) ဆီလူးခြင်းနှင့်အတည်ပြုခြင်း (အခန်း ၁၀၊၁၁) ၁၀:၁–၆ ရှမွေလက ရှောလု၏ ဦးခေါင်းပေါ်တွင် ဆီလောင်းဘိသိက်ပေးခြင်းဖြင့် ဣသရေလဘုရင် အဖြစ် ခန့်အပ်သည်။ ယဇ်ပုရောဟိတ်မင်းအဖြစ်သို့ ခန့်အပ်သည်။ ယဇ်ပုရောဟိတ်မင်းအဖြစ်သို့ ခန့်အပ်သည့်အခါ ဆီလူးဘိသိက်ပေးရသည့် (ဝတ် ၈:၁၂) နည်းတူ ဣသရေလတို့၏ ပထမဦးဆုံး ဘုရင်မင်းမြတ်ကိုလည်း ဆီလူးဘိသိက်ပေး၍ ခန့်အပ်ရသည်။...