ဓမ္မဟောင်းကျမ်း
ဓမ္မဟောင်းကျမ်း
-
ဓမ္မရာဇဝင်ပဋ္ဌမစောင် ၅
(၂) ပဋိညာဉ်သေတ္တာတန်ခိုး (အခန်း ၅) ၅:၁–၅ ဖိလိတ္တိတို့သည် ဘုရားသခင်၏ သေတ္တာတော်အား ဧဗနေဇာမှ အာဇုတ်မြို့ ၊ ဒါဂုန်ဘုရားကျောင်းသို့ ပင့်ဆောင်ကြသည်။ ဒါဂုန်ကျောင်းသည် ဗာလဘုရားများ၏ အချက်အချာနေရာဖြစ်သည်။ တခြားရုပ်တု၊ဘုရားတုများ ထိန်းသိမ်းရာဖြစ်ကြောင်း အခြားကျမ်းစာများတွင် မကြာခဏတွေ့ရသည်။ ဖိလိတ္တိသားတို့သည် ပဋိညာဉ်သေတ္တာအား ဒါဂုန်ဘုရားနှင့် တန်းတူ သဘောထားကြသောကြောင့် ယှဉ်ထားကြသည်။ နောက်တနေ့မိုးလင်းသောအခါ ဒါဂုန်ရုပ်တုသည် ပဋိညာဉ်သေတ္တာတော်...
-
ဓမ္မရာဇဝင်ပဋ္ဌမစောင် ၆
(၃) ပဋိညာဉ်သေတ္တာပြန်လည်ရရှိခြင်း (အခန်း ၆၊၇) ၆:၆ ခုနှစ်လအတွင်းမှာ ဖိလိတ္တိတို့သည် ပဋိညာဉ်သေတ္တာတော်အား မထိရဲမကိုင်ရဲလောက်အောင် အကုသိုလ်ဝင်ကြသည်။ သို့ကြောင့် မူလပိုင်ရှင် ဣသရေလတို့ ပြန်ပေးချင်စိတ်ပေါက်လာသည်။ အဖိုးတန်ပစ္စည်း ဆိုသော်လည်း ကိုယ်နှင့်မထိုက်လျှင် ကောင်းကျိုးမပေး ခိုက်တတ်သည်။ ပြန်ပေးခြင်းနည်းလမ်းမှလွဲ၍ အခြားနည်းလမ်းမတွေ့။ ယဇ်ပုရောဟိတ်များနှင့် နိမိတ်ဖတ်ဆရာများ ခေါင်းချင်းဆိုင် တိုင်ပင်နေကြပြီ။ လက်ချည်းဗလာလွှတ်လိုက်၍ မဖြစ်။ ဖိလိတ္တိပြည်မှာ ပြုခဲ့သောရောဂါဆိုးများ...
-
ဓမ္မရာဇဝင်ပဋ္ဌမစောင် ၇
၇:၁–၆ ကိရယတ်ယာရိမ်မြို့သားများသည် ပဋိညာဉ်သေတ္တာအား လာရောက်ယူဆောင်ပြီး အမိနဒပ်အိမ်တွင် နှစ်ပေါင်းနှစ်ဆယ်ကြာ သိမ်းဆည်းထားကြသည်။ ရှမွေလသည် ဣသရေလလူတို့အား ထာဝရဘုရားသခင်ကို ကိုးကွယ်ယုံကြည်ကြရန်နှင့် ထိုသို့ယုံကြည်ကိုးစားလျှင် ဖိလိတ္တိတို့ဘေးရန်မှ ကင်းလွတ်မည့်ကြောင်း ဟောပြောသွန်သင်သည်။ ဣသရေလတို့သည်လည်း ရှမွေလဟောပြောသည့်အတိုင်း ရုပ်တုဆင်းတုဘုရားတုများကို ဖျက်ဆီးလွှင့်ပစ်ကြပြီ၊ မိဇပါတွင် ဝတ်ပြုစည်းဝေးပြုကြသည်။ နောင်တရ၍ အစာရှောင် ဥပုသ်စောင့်ကြသည်။ နောင်တရသော အထိမ်းအမှတ်အဖြစ်ဖြင့် တရားဇရပ်ရှေ့တွင် ရေခပ်လောင်းကြသည်။...