ဟဂ္ဂဲအနာဂတ္တိကျမ်း ၁

၁။ ပထမပရောဖက်ပြုချက်ဆဌမလ၏ပထမနေ့

(က) ဗိမာန်တော်တည်ဆောက်ရေးကို လျစ်လျူပြုထားသောကြောင့် အပြစ်တင်ခြင်း။ (အခန်း )

မေဒိ-ပေရသိ (မေဒို-ပါရှန်း)ဘုရင် ဒါရိမင်းနန်းစံဒုတိယနှစ်တွင် ပရောဖက်ပြုခြင်းဖြစ်သည်။ ယုဒလူမျိုး များသည် အမိုးနှစ်ထပ်ရှိသောခေါင်မိုးအောက်၌ ဇိမ်ကျကျနေကြရသော်လည်း ဗိမာန်တော်ပြန်လည် တည်ဆောက် ဖို့ နှောင့်နှေးကြန့်ကြာနေကြသည်ကို ဘုရားရှင်တော်က ငြူစူသည်။

() မိုးခေါင်ငတ်မွတ်၍ ဗိမာန်တော်မဆောက်နိုင်ကြခြင်း (:၁၁)

ယုဒလူမျိုးတို့၏ မျက်မှောက်ဘဝကို ပြန်လည်သတိပေးသည်။ ဘုရားသခင့်အိမ်တော် တည်ဆောက်ခြင်း မရှိကြသောကြောင့် ငတ်မွတ်ခေါင်းပါးမှု ကြုံကြရသည်။ မိုးခေါင်သဖြင့် ဆင်းရဲမွဲတေကြသည်။ ထိုသို့ ငတ်မွတ် ခေါင်းပါးခြင်းမှ ကင်းဝေးရန် ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ကြဖို့ ဘုရားသခင်က စေခိုင်းသည်။ ဘုရား သခင်၏အိမ်တော် တည်ဆောက်ရန် တုန့်နှေးနေသရွေ့ကာလပတ်လုံး မိုးခေါင်ရေရှား၍ ခြောက်ကပ်နေမည်။

() ဟဂ္ဂဲ၏ တိုက်တွန်းအားပေးခြင်း၊ လူထုနိုးကြားလာခြင်း (:၁၂၁၅)

          ယုဒခေါင်းဆောင် ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်ကြီး ယောရှုတို့သည် ပရောဖက်ပြုချက်ကို ကြားသိပြီး နှစ်ဆယ့်သုံးရက်မြောက်နေ့တွင် ဘုရားရှင်၏နှုတ်ကပတ်တော်အတိုင်း ပြည်သူလူထုများအား စည်းရုံး၍ ဗိမာန် တော်ပြန်တည်ဆောက်ရန် ပြင်ဆင်အားထုတ်ကြသည်။

Previous Article
Next Article