Category: ဟဂ္ဂဲအနာဂတ္တိကျမ်း

  • ဟဂ္ဂဲအနာဂတ္တိကျမ်း နိဒါန်း

    “တိုတောင်းသော်လည်း ဝိညာဉ်ရေးရာ ကြွယ်ဝစုံလင်ခြင်း၌ ဟဂ္ဂဲပရောဖက်ကျမ်းငယ်ကဲ့သို့ အောင်မြင် သည့် ပရောဖက် အနည်းငယ်သာရှိသည်။” Frank E. Gaebelein ၁။ စံတော်မီဝိသေသလက္ခဏာ           ဓမ္မဟောင်းကျမ်းတွင် ဒုတိယအတိုဆုံးပရောဖက်ကျမ်းငယ်ဖြစ်သည်။ ဗိမာန်တော်ပြန်လည်တည်ဆောက် ရမည်ဟု ရိုးစင်းစွာ ဗျာဒိတ်ပြုသည်။ ကြွင်းကျန်သော ယုဒလူမျိုးတို့သည် ဗိမာန်တော်ကို ပြန်လည်တည်ဆောက် ရန် ပါလေတိန (ပါလက်စတိုင်းဒေသ)သို့ ပြန်လာကြသော်လည်း (၁၆)နှစ်တာမျှ အလဟဿ...

  • ဟဂ္ဂဲအနာဂတ္တိကျမ်း ၁

    ၁။ ပထမပရောဖက်ပြုချက် – ဆဌမလ၏ပထမနေ့ (က) ဗိမာန်တော်တည်ဆောက်ရေးကို လျစ်လျူပြုထားသောကြောင့် အပြစ်တင်ခြင်း။ (အခန်း ၁) မေဒိ-ပေရသိ (မေဒို-ပါရှန်း)ဘုရင် ဒါရိမင်းနန်းစံဒုတိယနှစ်တွင် ပရောဖက်ပြုခြင်းဖြစ်သည်။ ယုဒလူမျိုး များသည် အမိုးနှစ်ထပ်ရှိသောခေါင်မိုးအောက်၌ ဇိမ်ကျကျနေကြရသော်လည်း ဗိမာန်တော်ပြန်လည် တည်ဆောက် ဖို့ နှောင့်နှေးကြန့်ကြာနေကြသည်ကို ဘုရားရှင်တော်က ငြူစူသည်။ (ခ) မိုးခေါင်ငတ်မွတ်၍ ဗိမာန်တော်မဆောက်နိုင်ကြခြင်း (၁:၅–၁၁) ယုဒလူမျိုးတို့၏ မျက်မှောက်ဘဝကို...

  • ဟဂ္ဂဲအနာဂတ္တိကျမ်း ၂

    ၂။ ဒုတိယပရောဖက်ပြုချက် – သတ္တမလ၏နှစ်ဆယ့်တစ်ရက်နေ့ (၂:၁–၉) (က) သူတို့နှင့်အတူ ဘုရားသခင်ရှိတော်မူကြောင်း ထပ်မံအားပေးခြင်း (၂:၁–၁၅)           သတ္တမလရောက်သောအခါ ပြည်သူလူထုကြီးသည် ကြုံတွေ့လာရသော အခက်အခဲအမျိုးမျိုးကြောင့် ဗိမာန်တော်ကို ဆက်လက်တည်ဆောက်ရန် အားလျှော့ကြသည်။ ယခင်ဗိမာန်တော်ဟောင်း အကြောင်းပြန်တွေးမိ သောအခါ စိတ်အားငယ်ကြသည်။ ဘုရားသခင်၏ဝိညာဉ်တော်က ခေါင်းဆောင်များအား စိုးရိမ်အားငယ်ခြင်း မရှိဖို့၊ အားယူကြဖို့ တိုက်တွန်းအားပေးကြသည်။ (ခ) ဗိမာန်တော်...