Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဟေရှာယအနာဂတ္တိကျမ်း ၃၈

    (ခ)ဟိဇကိမင်းဖျားနာခြင်းနှင့်နလံပြန်ထခြင်း(အခန်း၃၈) ၃၈:၁-၈ အခန်းကြီး၃၈သည်သမိုင်းကြောင်းအရအခန်းကြီး၃၇၏အ ဆက်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်အပိုဒ်ငယ်-၆တွင်အာရှုရိမင်းများလက် ထက်မှကယ်နှုတ်မည်ဟုကတိတော်ပြုထားသည်။ ပြီးခဲ့သောအခန်း၃၇အဆုံးတွင်အာရှုရိတို့၏ဘေးရန်ခြိမ်းခြောက်ခြင်းများအဆုံးသတ်သွားပြီဖြစ်သည်။ ဟိဇကိမင်းသည်အသဲအသန်ဖျားနာသောအခါအသက်ရှင်ချင်သေး ကြောင်းဆုတောင်းသည်။ ဒါဝိဒ်၏ဘုရား၊ဘုရားသခင်ကနောက်ထပ်(၁၅)နှစ် အသက်ရှင်ဖို့ရက်ထပ်တိုးပေးလိုက်သည်။ ထို့ကြောင့်ပြန်လည်ထူထောင်နလံထူ လာသည်။ သနာခရိပ်အားမောင်းထုတ်လိုက်သည်။ ဘုရားသခင်ကအာဟပ်မင်း၏နေနာရိအရိပ် အားဆယ်လှမ်းနောက်ပြန်ဆုတ်စေမည်ဟုဆိုသည်။ ဟေဗြဲကျမ်း တွင်ဤအပိုဒ်ငယ်၈သည်ဘာသာပြန်ရအခက်ဆုံးကျမ်းပိုဒ်ဖြစ်သည်။ သို့သော် နားလည်ရသည်မှာအာဟတ်မင်းလက်ထက်တွင်အချိန်နာရီသိရှိရန်နေနာရီပြု လုပ်ထားသည်။ ထိုနေနာရီလက်တံသွားသည့်အတိုင်းအချိန်နာရီရေတွက်ကြ သည်။ သို့ဖြင့်အာဟပ်မင်း၏နေနာရီလက်တံအားဘုရားသခင်ကနောက်ပြန် ဆယ်လှမ်းဆုတ်ခိုင်းသည်ဟုနားလည်ရသည်။ ၃၈:၉-၁၅ ဟိဇကိမင်းသည်ပြန်လည်ကျန်းမာထူထောင်လာသည်။ နလံ ပြန်ထ၍စာရေးနိုင်သည်။ ထိုအကြောင်းကိုအဖြစ်အပျက်ကိုကဗျာတပုဒ်၊ဆာလံ...

  • ဟေရှာယအနာဂတ္တိကျမ်း ၃၉

    (ဂ)ဟိဇကိမင်း၏အပြစ်ဒုစရိုက်(အခန်း၃၉) ၃၉:၁-၇ အခန်း၃၉တွင်ဟိဇကိမင်း၏မှားယွင်းသောပြုမူ မှုကိုသမိုင်းမှတ် တမ်းတင်ထားသည်။ အပြစ်ဒုစရိုက်ကြီးမှာဗာဗုလုန်မင်း၏သံတမန်လက်ခံခြင်း ဖြစ်သည်။ အာရှုရိတို့၏ဘေးရန်ကာကွယ်ရန်ဗာဗုလုန်သားများကကူညီစွမ်း ဆောင်နိုင်မည်ဟုထင်မှတ်ခဲ့သည်။ ထိုသတင်းစကားဟေရှာယကြားသောအခါ ဘုရားသခင်ကမနှစ်သက်ကြောင်းသိသည်။ ဗာဗုလုန်သားများကယုဒများကို တဖက်လှည့်ဖမ်းဆီးကျွန်ပြုကြသည်။ မင်းညီမင်းသားမှူးမတ်များသည်ဗာဗု လုန်ဈေးတွင်ဈေးခေါင်းဖြစ်ကြရသည်။ ဤပရောဖက်ပြုချက်ကိုနှစ်ပေါင်း(၇၀) ကကြိုတင်ဟောပြောခြင်းဖြစ်သည်။ ယုဒတို့၏အဓိကရန်သူသည်အာရှုရိများမ ဟုတ်။ ဗာဗုလုန်သားများဖြစ်သည်။ ၃၉:၈“ဘုရားသခင်၏နှုတ်ကပတ်တော်သည်ကောင်းပါ၏”ဟုဟိဇကိ မင်းဝန်ခံသည်။ ဘုရားရှင်ကိုဝန်ခံလျက်သူ့လက်ထက်တွင်တိုင်းသူပြည်သား လူအများသည်တရားတော်နှင့်အညီစည်ပင်ဝပြောစွာရှိနေကြမည်။ ကျီးလန့် စာစားခြင်းမရှိရဟုဆိုသည်။

  • ဟေရှာယအနာဂတ္တိကျမ်း ၄၀

    ၃။ အနာဂတ်ဖမ်းဆီးခံရခြင်းထဲမှငြိမ်သက်ဆောက်တည်ရာ(အခန်း၄၀-၆၆) ပြီးခဲ့သောအခန်း(၃၉)စုသည်ဓမ္မဟောင်းသန့်ရှင်းသူများနှင့်သက်ဆိုင် သည်ဟုရည်မှတ်နိုင်လျှင်လာမည့်အခန်းပေါင်း(၂၇)ခန်းသည်ဓမ္မသစ်ကျမ်း နှင့်ပတ်သက်သည်။ မေရှိယသခင်ယေရှုနှင့်ဆက်စပ်သည်ဟုခံယူနိုင်ပါသည်။ ဤအခန်းများ(အခန်း၄၀-၆၆)သည်ယုဒများဗာဗုလုန်မှပြန်လည်ကြွ လာသည့်တိုင်အောင်တိုင်းပြည်ထူထောင်ကြရမည့်အကြောင်းဖြစ်သည်။ (က)ဣသရေလတို့ကယ်ထုတ်ခြင်းခံရမည့်အကြောင်း(အခန်း၄၀-၄၈) ၁။ ဘုရားသခင်၏ခွင့်လွှတ်ခြင်းနှင့်ငြိမ်သက်ခြင်းဘဝ(၄၀:၁-၁၁) ၄၀:၁-၂ ဖမ်းဆီးခံရသူများပြန်လည်ရောက်ရှိလာမည့်မင်္ဂလာသတင်းဖြင့် သင်ခန်းစာ စာမျက်နှာဖွင့်လှစ်ထားသည်။ ယေရုရှလင်၏ဘေးဒုက္ခများချုပ် ငြိမ်းလွန်မြောက်ကုန်ပြီ။ သင်၏အပြစ်ဖြေရှင်းပြီ။ ……..ထာဝရဘုရားလက် တော်၌နှစ်ဆခံရပြီဟုဆိုထားသည်။ အပြစ်ဒုစရိုက်များခွင့်လွှတ်သင်ပုန်းချေပြီး ဖြစ်သည်။ ထိုခံစားရမည့်နှစ်ဆသောကောင်းကြီးမင်္ဂလာများသည်ခရစ်တော်ဘု ရားဒုတိယအကြိမ်ပြန်လည်ကြွလာသောအခါအားလုံးပြည့်စုံမည်။ ထိုကာလ တွင်ဤကမ္ဘာအိုနှင့်အသင်းတော်သည်လည်းငြိမ်သက်ချမ်းမြေ့ကြသည်။ ယုံ ကြည်သူတစ်ယောက်တိုင်းသည်ကိုယ်တော်ဘုရားအတွက်ဖြစ်ကြမည်။ ဘုရားသခင်၏လူများအဖြစ်သွားကြမည်။ ဘုရားသခင်ထံမှငြိမ်သက်ခြင်းအစုံရရှိကြမည်အကြောင်း...