Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဟေရှာယအနာဂတ္တိကျမ်း ၅၆

    ၅၆:၁-၈ ဘုရားသခင်က ပြန်လည်ရွေးနှုတ်သောကြောင့် ပြည်တော်ပြန်ဝင်ခွင့်ရသူများသည် တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတွေ့ ရှိကြသဖြင့် ဥပုသ်နေ့ စောင့်ထိန်းကြသည်။  ခရစ်တော်၏ နိုင်ငံတော် အကျိုးကျေးဇူးခံစားဖို့ရန် မည်သည့်နိုင်ငံခြားသားများနှင့် ရှင်ဘုရင်ကမှ မတားဆီးနိုင်။ မလုယူနိုင်ကြ။ ဘုရားသခင်၏စကားနာခံသူများသာလျှင်ခံစား ခွင့်ရှိကြပါသည်။ ဗိမာန်တော်သည်လည်းတိုင်းနိုင်ငံသားများ၏စည်းဝေးဆု တောင်းရာအိမ်တော်ဖြစ်သွားမည်။ ဣသရေလသားများသာမကလူမျိုးတိုင်း ပါဝင်နိုင်သည်။ တပါးအမျိုးသားများကိုလည်းဘုရားသခင်၏အိမ်တော်တွင်း ထဲသို့ဝင်ရောက်ခွင့်ရကြမည်။ ၇။ ဒုစရိုက်သမားများကိုအပြစ်စီရင်မည့်မေရှိယ (၅၆:၉-၅၇:၂၁) ၅၆:၉-၁၂ ဣသရေလတို့ဆိုးသွမ်းခဲ့ပုံကိုပြန်လည်ထုတ်ဖော်သည်။ တိုင်း...

  • ဟေရှာယအနာဂတ္တိကျမ်း ၅၇

    ၅၇:၁-၂ ဤအခန်းငယ်(၂)ခုသည် လာမည့်အခန်းမှအငယ်၉-၁၂နှင့် ဆက်စပ်သည်။ အပြစ်ဒုစရိုက်သားများအကြားတွင်ဖြောင့်မတ်စင်ကြယ်သူများ သည်စုံစမ်းညှင်းပန်းနှိပ်စက်ခံရစမြဲဖြစ်သည်။ လူသားများမှဂရုမစိုက်ကြသော် လည်းဘုရားသခင်ကထိုသူများကိုဂရုစိုက်သည်။ ဘုရားတရားမဲ့ဒုစရိုက်ပေါင်း စုံမှကယ်နှုတ်၍ငြိမ်သက်ခြင်း၊ချမ်းသာခြင်းပေးပါသည်။ ၅၇:၃-၆ သူတပါးလက်အောက်သို့ဖမ်းဆီးခေါ်ဆောင်ခြင်းခံနေရသော် လည်းအချို့ဣသရေလများသည်အမှတ်သညာမရှိ။ ဘုရားတုကိုကိုးကွယ်နေ ကြဆဲ။ ထိုသို့ဖြင့်အုတ်ရောရောကျောက်ရောရောကြီးပြင်းလာလျက်သူတို့မိဘ များ၏မျောက်မသောအကျင့်ဆုတ်၊အကျင့်ယုတ်ခြေရာလိုက်လျောက်ကြသည်။ ဘုရားသခင်ကိုပြက်ယယ်ပြုစော်ကားကြသည်။ ဒုစရိုက်မကောင်းဆိုးဝါး၏ သားသမီးများဖြစ်ကြသည်။ ရုက္ခစိုးနတ်ကိုးကွယ်ကြသည်။ သားသမီးများကို လည်းဗာလဘုရား၊မောလက်ဘုရားထံသို့အပ်နှံခြင်းဖြင့်မြောင်းထဲသို့ပို့ကြ သည်။ ၅၇:၇-၁၀ တောင်ကုန်း၊တောင်ပူစာများပေါ်တွင်ရုပ်တုဘုရားများကတ် သီးကတ်သတ်တည်၍ရှိခိုးကြသည်။ အိမ်တံခါး၊နံရံများတွင်ကျမ်းချက်၊ကျမ်း ပိုဒ်များချိတ်ဆွဲမည့်အစားညစ်ညမ်းသောအပြာပန်းချီကားများချိတ်ဆွဲခြင်း ဖြင့်လူလုပ်ဘုရားကိုးကွယ်ကြသည်။...

  • ဟေရှာယအနာဂတ္တိကျမ်း ၅၈

    (ဂ)ဣသရေလ၏ဒုစရိုက်၊အပြစ်စီရင်ခြင်း၊နောင်တနှင့်ပြန်လည်ထူထောင်ခြင်း(အခန်း၅၈–၆၆) နောက်ဆုံးအခန်းကြီး(၉)ခုတွင်သစ္စာရှိသောယုံကြည်သူများနှင့်မယုံကြည်သူများခြားနားပုံကိုရှင်းပြထားသည်။ Alfred Martinကထိုအကြောင်းကိုဤသို့စာမြည်းပေးထားသည်။ ကျမ်းစာ၏နိဂုံးပိုင်းတွင် ဘုရားသခင်၏အစေခံ၊ ဣသရေလလူများပြန်လည် စုစည်းနလံထူ ကြမည့်အကြောင်း၊ထိုသို့ ဘုရားသခင်ထံပြန်လည်ရောက်ရှိကြခြင်းဖြင့် ယေဟောဝါဘုရား၏ ကောင်းကြီးမင်္ဂလာများကိုကမ္ဘာအနှံ့သို့ စီးဆင်းစေမည့် မင်္ဂလာရေစီးကြောင်းများဖြစ်ကြမည်။ ယုံကြည်သူများနှင့် ပုန်ကန်ခြားနား သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုဘယ်သောအခါမှ ကြား ရတော့မည်မဟုတ်။၆၆ ၁။ ဝိညာဉ်ပြည့်ဝသူ၏ ပျော်ရွှင်ချမ်းမြေ့ခြင်း(အခန်း၅၈) ၅၈:၁-၅ ယုဒတို့၏ ဘာသာတရားကိုင်းရှိုင်းပုံကို ပရောဖက်ဟေရှာယ ဟားတိုက်ရယ်မောသည်။ လူအပေါင်းသည်...