ဟဂ္ဂဲအနာဂတ္တိကျမ်း နိဒါန်း
“တိုတောင်းသော်လည်း ဝိညာဉ်ရေးရာ ကြွယ်ဝစုံလင်ခြင်း၌ ဟဂ္ဂဲပရောဖက်ကျမ်းငယ်ကဲ့သို့ အောင်မြင် သည့် ပရောဖက် အနည်းငယ်သာရှိသည်။” Frank E. Gaebelein ၁။ စံတော်မီဝိသေသလက္ခဏာ ဓမ္မဟောင်းကျမ်းတွင် ဒုတိယအတိုဆုံးပရောဖက်ကျမ်းငယ်ဖြစ်သည်။ ဗိမာန်တော်ပြန်လည်တည်ဆောက် ရမည်ဟု ရိုးစင်းစွာ ဗျာဒိတ်ပြုသည်။ ကြွင်းကျန်သော ယုဒလူမျိုးတို့သည် ဗိမာန်တော်ကို ပြန်လည်တည်ဆောက် ရန် ပါလေတိန (ပါလက်စတိုင်းဒေသ)သို့ ပြန်လာကြသော်လည်း (၁၆)နှစ်တာမျှ အလဟဿ...