တရားသူကြီးမှတ်စာ နိဒါန်း
နိဒါန်း “စာဖတ်ပရိတ်သတ်၏ စိတ်နှလုံးကို ကြေကွဲထိခိုက်စေမည့် အကြောင်းအချက် အများအပြားကို မြင်တွေ့ ဖတ်ရှုရမည်။ အခြားကျမ်းစာအုပ်နှင့်မတူ တမူထူးသည်မှာ လူ့စိတ်ဓာတ်မတည်ကြည် အားနည်း ချို့ယွင်းမှုကိုလည်း အထင်အရှားတွေ့ရမည်။ သို့သော် ထိုတိမ်တလ္လာအကြားမှပင် မှားယွင်းဖောက်ပြန်ခြင်း မရှိသော စာနာမှုနှင့် ကရုဏာတော်ကိုလည်းမြင်နိုင်သည်။ အားနည်းချက်ရှိသော တရားသူကြီး အမျိုးသားခေါင်းဆောင်များက ဦးစီးခေါင်းဆောင်သည်မှာ အပြစ်ဖို့စရာမဟုတ်သော်လည်း လူသားများ ဖြစ်သည့်အားလျော်စွာ အားနည်းချက်မကင်းကြ။ ထို့ကြောင့် တဒင်္ဂ...