Tag: ယောရှုမှတ်စာ

  • ယောရှုမှတ်စာ ၆

    ၆:၁–၂၁ ခါနန်မြေတပြည်လုံးအား တိုက်ခိုက်သိမ်းပိုက်ရပြီ။ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းဟူ၍ စစ်နယ်မြေခွဲခြားသတ်မှတ်လိုက်သည်။ အလယ်ပိုင်းဒေသ၏ အချက်အခြာနေရာနှစ်ခုမှာ ယေရိခေါနှင့်အာဣမြို့ ဖြစ်သည်။ ယေရိခေါမြို့သည် မြို့ရိုးခံတပ်အခိုင်အခန့် ကာရံထားသည်။ သို့သော် မြို့သူမြို့သားများအတွက်သာ ခိုင်လုံသည်။ ဣသရေလလူများအတွက်မူ ခိုင်ခံ့ခြင်းမရှိ။ ပင်လယ်ရေမျက်နှာပြင်ညီမှ ပေပေါင်း ၈၀၀ခန့် နိမ့်သကဲ့သို့ စိတ်ဓာတ်ရေးရာလည်း နိမ့်ကျသူများဖြစ်သည်။ ဝါးလုံးခေါင်းထဲတွင် လသာနေသူများ၊ ကျွဲခြေရာ အိုင်ထဲတွင် ကမ္ဘာကျယ်နေသော...

  • ယောရှုမှတ်စာ ၇

    (စ) အဣမြို့စခန်း (၇:၁–၈:၂၉)           အခန်း(၇)ကို ခါနန်ပြည်၏ ဒုစရိုက်မေးခွန်းဖြင့် ဖွင့်လှစ်သည်။ ယော်ဒန်မြစ်ကို ကူးမြောက်ပြီး၍ နယ်သစ်ပယ်သစ် ရောက်ကြသော်လည်း အကျင့်ဟောင်းမပျောက်ကြသေး။ အပြစ်ဒုစရိုက်နှင့် ပတ်သက်နေကြဆဲ။ ဣသရေလတို့၏ အာဣမြို့အောင်နိုင်ပုံနှင့် အာခန်၏အပြစ်အား ဖော်ထုတ် အရေးယူပုံကိုလည်း တွေ့ရသည်။ ၇:၁–၅ ယောရှုက အာဣမြို့သို့ထောက်ကင်းစေလွှတ်လိုက်သည်။ ထောက်ကင်းအဖွဲ့ ပြန်ရောက်လာသောအခါ အာဣမြို့သည်ခိုင်ခံသောမြို့ မဟုတ်သဖြင့် လူပေါင်းနှစ်ထောင်သုံးထောင်ခန့် စေလွှတ်လျှင်...

  • ယောရှုမှတ်စာ ၈

    ၈:၁–၂၉ ဒုတိယအခေါက်တွင်မူ ယောရှုတို့အဖွဲ့သည် ယောင်ပြစစ်နည်းဗျူဟာဖြင့် အာဣစစ်တပ်ကို နှိမ်နင်းချေမှုန်းပစ်နိုင်သည်။ စစ်နည်းဗျူဟာ အသေးစိတ်ရှင်းပြရန် ဝေါဟာရအသုံးအနှုန်းခက်ခဲသောကြောင့် လွယ်လင့်တကူ နားလည်နိုင်အောင် အောက်ပါအတိုင်းရှင်းပြပါမည်။ ဣသရေလ စစ်သားအုပ်အချို့သည် အာဣသားမမြင်၊ မထင်မှတ်သည့်အမှောင်ရိပ်တွင် ပုန်းအောင်းနေကြသည်။ နံနက်မိုးလင်းလျှင် အခြားဣသရေလစစ်သား အနည်းငယ်က အာဣမြို့အား မြောက်ဘက်အရပ်မှ ဝင်စီးသည်။ ထိုအခါ အာဣမြို့သားများက အလုံးအရင်းဖြင့် လိုက်လံတိုက်ခိုက်သည်။ ထွက်ပြေးဟန်ဆောင်သော ဣသရေလတပ်နောက်သို့ အာဣသားများက...