(ဃ)တိုင်းနိုင်ငံသားများအားတရားစီရင်ခြင်း(အခန်း၁၄-၂၄) ၁။ ဗာဗုလုန်သားများ(၁၃:၁-၁၄:၂၃) ၁၃:၁-၅ လာမည်အခန်း(၁၁)ခုတွင်တပါးအမျိုးသားများတရားစီရင်မည့် အကြောင်းရှင်းပြထားသည်။ ပထမဆုံးတွင်ဗာဗုလုန်အမျိုး၊ဘီစီ၆၀၉ခုနှစ်ခန့်တွင်ကမ္ဘာကြီးကိုကိုင်လှုပ်သွားသောအာရှုရိပြည်ဖြစ်သည်။ အခန်းကြီး(၁၃) တွင်ဘီစီ၅၃၉ခုနှစ်၌မိဒျန်လူမျိုးနှင့်ပါရှန်းလူမျိုးတို့က ဗာဗုလုန်ကိုတိုက်ခိုက် အောင်မြင်ကြောင်းတွေ့ရသည်။ မည့်သို့ဖြစ်စေအချို့ပရောဖက်ပြုချက်များ သည်အဖြစ်အပျက်နှင့်လွဲချော်ခြင်းများရှိသဖြင့်ဗာဗုလုန်ပြည်၏နိဂုံးချုပ်ပျက် စီးခြင်းသည်ဘေးဒဏ်ကြီးကာလဖြစ်သည်ဟုနားလည်ရသည်(ဗျာ၁၇၊၁၈)။ ဘုရားသခင်ကမိဒျန်-ပါရှန်းစစ်သားများ(ငါသန့်ရှင်းစေသောသူတို့)ကို မင်းမှူးမတ်တို့ဝင်ထွက်ရာတံခါး(ဗာဗုလုန်မြို့တော်)ထဲသို့ဝင်ခွင့်ပြု၍၊တပြည် လုံးကိုဖျက်ဆီးစေသည်။ ၁၃:၆-၁၃ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများဆက်လက်ဖော်ပြထားသည်။ လူအပေါင်းတို့သည်အားငယ်ကြောက်လန့်ကြမည်။ ရောဂါဝေဒနာ။ ရောဂါဝေဒနာမျိုးစုံခံစားကြမည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ငေးမှိုင်ကြမည်။ အချို့ကျမ်းပိုဒ်များသည်မိဒျန်-ပါရှန်း(မေဒိ-ပေရသိ)များသာမကတကမ္ဘာလုံး နှင့်သက်ဆိုင်သည်။ ဘုရားသခင်နေ့ရက်၌ခံစားကြမည့်ဒုက္ခဖြစ်သည်။ မိုး ကောင်းကင်လှုပ်၍ကမ္ဘာကြီးနေရာရွေ့သွားမည့်အကြောင်းဖြစ်သည်။ ၁၃:၁၄-၂၂ ဗာဗုလုန်မြို့လူအုပ်ကြီးသည်တောင်းထဲမှသွန်ချသောဆီးသီး...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း