ရှောလမုန်သီချင်း ၆
၆း၁ ထိုစကားကြောင့် ယေရုရှလင်သမီးပျိုအပေါင်းသည် ထိုလှပဂေးသိုးထိန်းလေးအားမြင် ချင်စမ်းလှသည်။ အဘယ်မှလိုက်ကြည့်ရမည်ပဆိုကြသည်။ ၆း၂-၃ သူမ၏အဖြေစကားသည် ချစ်သ၀န်တိုစကားဖုံးဖိထားသည်။ “ဥယျာဉ်တောသို့သွား ချေပြီ” အော်သို့နှယ်။ အဘယ်ကြောင့်ပြောမိလိုက်ပါလိမ့်။ သူမပိုင်ဆိုင်ချင်သည်။ သူ့ရီးစားကလည်း သူ့ကို ပိုင်ဆိုင်ချင်သည်။ ထိုစကားကိုသာ ရပ်သိရွာသိအော်ပြောလိုက်ချင်ပါ၏။ ၁၃။ ရှောလမုန်အချစ်အတွက် တဖန်မွေးဖွားခြင်း (၆း၄-၁၀) ရောလမုန်သည် မလျှော့သောဇွဲဖြင့် အသစ်တဖန်ကြိုးစား ပိုးပန်းနေရပြန်သည်။ အရှေ့တိုင်းသားများ မိန်းမပိုးနည်းဟန်တိုင်း မျက်နှာအလှကို...